RSS

Sunday, January 30, 2011

Youth Bible Camping


Youth Bible Camping
3.1.2011
မနက်ပိုင်း -JK-
အိမ်သာမှာရှိတဲ့ အီးကို လှပတဲ့ ပန်းကန်မှာထားပြီး ပလ္လင်မှာထားရင် ကြည့်ကောင်းမလား? အဲဒီလိုဘဲ သင့်နဲ့ကျွန်ုပ် အသက်တာဟာ ဒီလိုပါဘဲ အားလုံးဟာ အပြစ်ရှိတဲ့အတွက် မစင်နဲ့တူတယ် မစင်ကိုဘယ်လိုလှပတဲ့ပန်းကန်နဲ့ ဘဲထားထား မစင်ဟာမစင်ပါဘဲ။
သင်ဟာအဝတ်အစားကောင်းဝတ်ပြီး ဘုရားကျောင်းမှာ လူတွေရှေ့မှာ ခုန်ပေါက်နေအောင် လူတွေရှေ့မှာ ဝတ်ပြုကိုးကွယ်နေပေမဲ့ ပြောင်းလဲမူမရှိဘူးဆိုရင် လှပတဲ့ပန်းကန်ထဲမှာ မစင်ထားတာနဲ့အတူတူဘဲ။ လူတွေဟာ အလူငွေထည့်တဲ့အခါ မိုးပေါ်ကို မော့ကြည့်ပြီးထည့်တတ်ကြတယ် အစာရှောင်တဲ့အခါကြရင် ခေါင်းငုံပြီး ဆုတောင်းတတ်ကြတယ် ပါးစပ်ကပြောချင်တာတွေပြောပြီး ဆုတောင်းတဲ့အခါ လူတွေအထင်ကြီးအောင် အမျိုးမျိုးပြောပြီးတောင်းတတ်ကြတယ် ဒီလိုဆုတောင်းချက်တွေဟာ ဘုရားသခင်ဆီမှာ ပါးစပ်ပုပ်နဲ့ဆုတောင်းတာနဲ့တူတယ် ကျနော်သားဘုရားဆိုရင် နင်တို့တွေအားလုံးဟာ အခုဆိုရင် အသက်တောင်ရှိကြမှာမဟုတ်ဘူး သင့်ရှေ့မှာ ပါးစပ်ပုပ်နဲ့စကားပြောတဲ့သူနဲ့စကားပြောတဲ့အခါ သင်သူ့နဲ့စကားပြောမဲ့အစား သူ့ပါးစပ်ကထွက်တဲ့အနံကိုမခံနိုင်တဲ့ အတွက်ကြောင့် သူနဲ့စကားပြောဖို့ ဝန်လေးမယ် သူ့ကိုမောင်းထုတ်မိမှာဖြစ်တယ် ဘုရားသခင်ဟာ သင်ဘယ်လို ပြုမူကျင့်ကြံနေပါစေ သင့်ကို စိတ်ရှည်တဲ့ဘုရားဖြစ်တယ် လူငယ်တချို့ကို တရားဟောဆရာတွေက ဘု၇ားကျောင်းသွားပါ အရက်မသောက်နဲ့လို့ပြောနေပေမဲ့ များသောလူငယ်တွေက တလွဲတွေလုပ်တာများတယ်။

လူအနေနဲ့ကြိုးစားမယ်ဆိုရင် သူတောင်ကောင်းဖြစ်ဖို့ကြိုးစားမယ်ဆိုရင် ပိုပြီး ပျက်စီးမဲ့လမ်းကြောင်းနဲ့ နီးစပ်သွားနိုင်တယ် ငါသည်ချမ်းသာရမယ်လို့ အားတင်းပြီး ကြိုးစားနေပေမဲ့ ဆင်းရဲမူကနေ ရုန်းထွက်နိုင်ဖို့အလွန်ခက်ခဲလှပါတယ် လူ့အနေနဲ့ငါသည် ပြောင်းလဲမယ်လို့ကြိုးစားနေပေမဲ့ ပိုဝေးသွားမဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။
ဘုရားသခင်နဲ့သာ သင့်အသက်တာလိုက်လျှောက်မယ်ဆိုရင် အရာရာ ဟာ ပြူပြင်ပြောင်းလဲမှာဖြစ်တယ်။
ပန်ကာဟာ အပြားသုံးပြားရှိပေမဲ့ မီးမရှိဘူးဆိုရင် သုံးလို့မရတဲ့အပြင်သင့်အိမ်မှာထားဖို့တောင် လိုချင်မှာမဟုတ်ဘူး တကယ်လို့ မီးရှိခဲ့တယ်ဆိုရင် သင့်ပူအိုက်နေတဲ့အချိန်မှာ အလိုအပ်ဆုံးအရာ တန်ဖိုးအရှိဆုံးအရာလို့ သင်တွေးမိမှာဖြစ်တယ်အဲဒီလိုဘဲ မီးနဲ့တူတဲ့ ဘုရားသခင်ဟာ ပန်ကာနဲ့တူတဲ့သင့်အသက်တာထဲမှာ လာပြီးဆက်သွယ်မယ်ဆိုရင် သင်ဟာ လူတွေအတွက်အဖိုးတန်တဲ့ လူဖြစ်မှာဖြစ်တယ် အကယ်၍ မရှိခဲ့ဘူးဆိုရင် သင့်ကိုပြစ်ပယ်ကြမှာဖြစ်တယ်။
သင့်ရဲ့အသက်တာဟာ သစ်တုန်းဖြစ်မယ်ဆိုရင် သစ်တုန်းဟာ ဘာမှမသုံးရင် မီးထဲထည့်ယုံဘဲရှိတယ် မီးထဲထည့်ပြီးလို့ရှိရင် ပြာဖြစ်သွားယုံဘဲရှိတယ် ဒါပေမဲ့ တော်တဲ့လက်သမားဆရာတစ်ယောက်ဟာ အဲဒီသစ်သားကို ဘီယိုတစ်ခုဖြစ်ဖြစ် စားပွဲတခုဖြစ်ဖြစ် ပုံသွင်းမယ်ဆိုရင် တော်တော်အသုံးဝင်တဲ့ အရာတစ်ခုဖြစ်မှာဖြစ်ပါတယ်
သင့်ရုပ်ဟာ ရုပ်ဆိုးတယ်လို့ထင်ပြီး ဘယ်လောက်ဘဲပြင်ပြင် ၇ုပ်ဆိုးတာဟာ ပိုပြီးပေါ်လွင်လာမှာဖြစ်တယ် ဘုရားသခင်ဟာသင့်အသက်တာမှာ ရှိမယ်ဆိုရင် သင့်ကိုသင် ရုပ်ချောတယ်လို့ထင်လာမှာဖြစ်တယ်။

သင်ခင်ယေရှုသင့်အသက်တာမှာမရှိဘဲနဲ့ သင်သူ့အကြောင်းကိုဟောပြောနေလို့တော့ အပစ္စည်းမရှိတာကို ရောင်းနေတာနဲ့အတူတူဘဲ ပစ္စည်းမရှိဘဲနဲ့ရောင်းရောင်းနေလို့ကတော့ အဲဒီပစ္စည်းက ရောင်းလို့ထွက်ပါ့မလား ဘယ်သူကဝယ်မှာလဲ?

အပြစ်ပြုလုပ်သူနဲ့ ရလဒ် ငရဲ့

နေ့လည်ပိုင်း Rev.Dr.Pum Za Thang

ရောမ ၃း၂၂-၂၄   ဖြောင့်မတ်ခြင်းတရားဟူသော ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍ ထိုသူအပေါင်းတို့အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ ခြားနားခြင်းအလျှင်းအရှိ အဘယ်ကြောင့်နည်းဟူမူကား
ဒုစရိုက်ကိုပြု၍ ဘု၇ားသခင်၏ရှေ့တော်၌ အသရေပျက်ကြပြီ ယေရှုခရစ် ရွေးနှုတ်တော်မူသော အားဖြင့်  အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြ၏

လူတွေအားလုံးဟာ အပြစ်မှာတူညီကြတယ် အပြစ်ထဲမှာ လိမ္မာပါးနပ်သော အပြစ်နဲ့ မလိမ္မာမပါးနပ်သော အပြစ်ရှိတယ်။

မလိမ္မာမပါးနပ်သော အပြစ် အရက်သောက်ပြီး ရှုးမူးသောင်းကျန်းတဲ့သူတွေဟာ မလိမ္မာမပါးနပ်သော အပြစ် ဖြစ်တယ်
လိမ္မာပါးနပ်သော အပြစ် ---လူတွေရှေ့မှာတော့ သူတော်ကောင်းလိုလိုနေပြီး နောက်ကွယ်မှာ လုပ်ချင်တိုင်းလုပ်တဲ့သူကိုခေါ်တာဖြစ်တယ်

 ၁။ ဆာလံ ၅၁း၅    အကျွန်ုပ်သည်မွေးစကပင် အပြစ်ပါလျက်ရှိပါ၏ အမိဝမ်းထဲမှာ ပဋ္ဋိသန္ဒေယူစဉ်ကပင် အပြစ်စွဲပါ၏
ဥပမာ -------သင်သည် ချင်းလူမျိုး ဗမာလူမျိုးဖြစ်ချင်းဟာ သင်ကိုယ်တိုင်ရွေးချယ်တာလား ? အဲဒီလိုဘဲ လူတွေလည်း ဗီဇအပြစ်ကို ရွေးချယ်တာမဟုတ်ဘူး ချင်းလူမျိုးဘိုးဘွားစဉ်ကနေ ဆင်းသက်လာတဲ့ အတွက် သင်ဟာ ချင်းလူမျိုးဖြစ်သလို အာဒံနဲ့ဧဝ အပြစ်လုပ်မူကြောင့် သူတို့ကနေ ဆင်းသက်တဲ့သင်ကလည်း အပြစ်ရှိတယ်ဖြစ်တယ်။
၃။ သူများကိုစွတ်စွဲခြင်း
ဘု၇ားသခင်က အာဒံနဲ့ဧဝကို သင်တို့သည် အပြစ်ပြုလုပ်တဲ့အတွက် သေရမယ်လို့ပြောတာဖြစ်တယ် အပြစ်ရဲ့အခက သေခြင်းပေတည်း သင်တို့သည်လည်းသေတတ်တဲ့အတွက် အာဒံနဲ့ဧဝတို့ရဲ့ သားသမီးတွေဖြစ်ကြတယ်။

ရောမ ၆း၁၃ သင်တို့၏ ကိုယအင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ အပြစ်တရားအားမဆက် ကြနှင့်  သေခြင်းမှထမြောက်၍ အသက်ရှင်သောသူကဲ့သို့ ဘုရားသခင်အား ကိုယ့်ကိုကို ဆက်ကြလော။

ကမ္ဘာဦးကျမ်း ၃း၁-၁၃
ဗီဇအပြစ် ဆိုတာဘာလဲ ?
ဗီဇအပြစ်ဆိုတာ မွေးကင်းစက ပါလာသောအပြစ်ဖြစ်တယ်။
၂။မာကု ၇း၂၁
၁။ နှလုံးထဲမကောင်းသော ကြံစည်ခြင်း
၂။ သူ့မယားကိုပြစ်မှားခြင်း
၃၊ မိန်းမလွတ်နဲ့မှားယွင်းခြင်း
၎။ လူ့အသတ်ကိုသတ်ခြင်း
၅။ သူ့ဉ္စာကိုခိုးခြင်း
၆။လောဘလွန်ကျူးခြင်း
၇။မနာလိုခြင်း
၈။လှည့်စားခြင်း
၉။ညစ်ညူးခြင်း
၁၀။ငြူစူခြင်း
၁၁။သူ့အသေရကိုဖျက်ခြင်း
၁၂။ထောင်လွှားစော်ကားခြင်း
၁၃။လျှပ်ပေါ်ခြင်း
ဒါတွေဟာ ဗီဇအပြစ်ဖြစ်တယ် ကျွန်ုပ်တို့ထဲက ဒီအပြစ်တွေနဲ့လွတ်ကင်းမဲ့သူရှိမလား
အားလုံးမပြုလုပ်ရင်တောင်မှ စိတ်ကူးနဲ့တော့ရှိဘူးကြမှာဘဲ ဒါဟာလည်း အပြစ်ဖြစ်တယ်
ကိုယ်တိုင်ပြုမှ အပြစ်ရှိတယ် သူ့မယားကိုပြစ်မှားမှ အပြစ်ရှိတယ်လို့ လူတွေကထင်တတ်ကြတယ် ကျမ်းစာထဲမှာ အားလုံးဟာ အပြစ်ဖြစ်တယ် စိတ်ကူးယုံနဲ့လည်း အပြစ်ရှိနိုင်တယ်။
မသဲ ၅း၂၇ ကိလေသာစိတ်နှင့် သူ့မယားကို ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။ှ
လို့ဖော်ပြာထားတာဖြစ်ပါတယ်။
ဥပမာ - မွေးကင်းစ ကလေးသူငယ်တယောက်ဟာ ဒီအပြစ် ၁၃ ချက်ကို ပြုလုပ်ဘူးသေးမှာမဟုတ်ဘူး ဒါပေမဲ့ သူက အဲဒီထဲကမလွတ်ကင်းဘူး အပြစ်သားဘဲဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ ဗီဇဖြစ်တယ်။

ကိုယ်တိုင်ပြုလုပ်ကျင့်ကြံသောအပြစ် -သူ့မယားပြစ်မှားခြင်း

၃။မပြုလုပ်ဘဲ ရသောအပြစ်----ယာကုပ် ၄း၁၇ ကောင်းသောအကျင့်ကိုသိလျှက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏
ဥပမာ- မိန်းမတစ်ယောက် ကရေခပ်သွားတဲ့အခါ လမ်းမှာ မြွေဟောက်ကို လမ်းတဖက်ကနေ လမ်းတွေ့တာဖြစ်တယ် ဒါကိုသူသိပြီးရှောင်သွားတယ် နောက်လာတဲ့သူတွေ အဲဒီမြွေကိုတွေ့ တဲ့အခါမှာ ပေါက်မှာကိုသိလျှက်နဲ့ သူ သတိပေးခြင်းမရှိတဲ့အတွက် ကောင်မလေးတစ်စုဟာ အဲဒီမြွေရှိတဲ့လမ်းကိုသွားမိတဲ့ အတွက် မြွေက လှမ်းပေါက်လိုက်တာ သေဆုံးသွားတယ် ဒါကိုကြည့်ခြင်းအားဖြင့်မြွေကို တွေ့တဲ့အမျိုး သမီးမှာ အပြစ်ရှိတာဖြစ်တယ် သူသိလျှက်နဲ့ မပြောတဲ့အတွက် လူတစ်ယောက် အသက် သေဆုံး၇တာဖြစ်တယ်

ဗီဇ အပြစ်ဟာ ဆိုရင် - ကင်ဆာရောဂါနဲ့တူတယ် ကင်ဆာရောဂါ သယ်ဟာ မသေတဲ့သူ မရှိသလောက်ပါဘဲ
စိတ်ကူးထဲက အပြစ်ဟာ- တီဗီရောဂါနဲ့တူတယ်
မပြုလုပ်ဘဲရတဲ့အပြစ်ဟာ- အစာအိမ်ရောဂါနဲ့တူတယ်။

ညပိုင်း- Rev.Dr.Pum Za Thang
၁ကော ၁၅း၁၉
ဟေဗြဲ ၂း၃
IS 1;18-19
အသဲ ၁၁း၂၈
IS 38:1-2
ညီအကိုတို့ ကျွန်ုပ်တို့အသက်တာကို ပြန်ကြည့်ကြရအောင် လူတွေဟာ ချမ်းသာလွန်းလို့ ငွေကို လက်မှာတောင် မကိုင်ကြဘူး ဘဏ်မှာဘဲထားကြတယ် သူတို့က ပိုက်ဆံမရှိဘူးလို့ ပြောရင် အနည်းဆုံးဘဏ်ထဲမှာ သိန်းနဲ့ချီပြီးရှိကြတယ် ငါတို့ဟာဆိုရင် ပိုက်ဆံမရှိဘူးဆိုရင် တပြားမှမရှိဘူး ရာသီဥတုပူုရင် အိုက်တယ် ဆိုပြီး ယပ်တောင်ကိုအသုံးပြုတတ်ကြတယ် ချမ်းတယ် ဆိုရင်လည်း အနွေးထည်တွေ များစွာဝတ်ပြီး နေတတ်ကြတယ် လူတွေကျတော့ သူတို့မြို့မှာ ပူရင် အေးတဲ့နေရာကိုပြောင်းနေကြတယ် အေးတယ်ဆိုရင်လည်း နွေးတဲ့နိုင်ငံကို ပြောင်းနေကြတယ် ငွေရေးကြေးရေး ဆိုတာ သူတို့အတွက်ဘာမှမဟုတ်ဘူး တနိုင်ငံနဲ့တနိုင်ငံ ကူးပြီးနေထိုင်ဘို့လည်း သူတို့အတွက်ဘာမှမဟုတ်ဘူး ဒီနေ့ ဒေလီမှာရှိရင် မနက်ဖြန် အမေရိကန်ကို ရောက်ရင်လည်း ရောက်နေတတ်တယ် ဒါပေမဲ့ သူတို့ကိုသူတို့ သတ်သေ ကြတဲ့ သူတွေ များစွာရှိတယ်။ သူတို့မှာ စိတ်ချမ်းသာမူ့ကိုမရကြဘူး ပြီးခဲ့တဲ့ အချိန်တုန်းက အိန္ဒိယ မင်းသားတစ်ယောက်က သူ့ကိုယ်သူသတ်သေတယ် ဒီလောက် ငွေချမ်းသာပေမဲ့ စိတ်ချမ်းသာမူ့ကိုမရခဲ့ဘူး ကိုယ့်ကိုကိုသတ်သေတဲ့အထဲမှာ အဆိုးဆုံးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဆိုရင် ကိုယ့်ကိုကို သတ်သေတဲ့သူများလို့ မခံစားရဘဲနဲ့ သေတဲ့ သေဆေးကို ဒေါက်တာတွေက ဖော်စပ်နိုင်ခဲ့လို့ သူတို့အရမ်း ကျေးဇူးတင်ကြတယ် ပြောချင်တာက ဂျပန်နိုင်ငံဟာဆိုရင် အတိုးတက်ဆုံးနိုင်ငံ အချမ်းသာဆုံး နိုင်ငံလို့ တွက်လို့ရပေမဲ့ သူတို့ တွေကိုယ်တိုင်က စိတ်ချမ်းသာမူ ကိုမရနိုင်ဘူးဆိုတာသိရတယ်။ သင်နဲ့ကျွန်ုပ်က ဘယ်အချိန်မှာ ဘယ်လောက်ထိထိ ကြိုးစားကြိုးစား သူတို့လိုမှီနိုင်ပါ့မလား
လူ့ဘဝမှာ နေစဉ်ကလည်း ဆင်းရဲတယ် ချို့တဲ့တယ် သေတဲ့အခါမှာလည်း ငရဲမှာ လူးလိမ့်ပြီးခံစားရအုံးမယ် လူဖြစ်ရကျိုးနှပ်ပါ အုံးမလား စဉ်းစားကြည့်ကြရအောင်

အခုလူတွေတော်တော်များများဟာ ခရစ်တော်ကိုယုံကြည်တယ် သခင်သခင်လို့ပြောတယ် အခြားသောဘာစကားကိုလည်း သုံးတယ် ဟာလေလုယာ ဖေ၇စလော့လို့လည်း သုံးတယ် လူတွေရှေ့မှာတော့ သူဟာ ဘုရားကိုယုံကြည်တယ်လို့ဆိုလို့ရပေမဲ့ တကယ်သူဟာ ပြောင်းလဲလား မပြောင်းလဲဘူးလားလို့ ပြောလို့မရနိုင်ဘူး ဘုရားရှစ်ခိုးယုံနဲ့ ကျမ်းစာဖတ်ယုံနဲ့ အခြားသောဘာသာစကားကိုပြောယုံနဲ့ သူဟာ ယုံကြည်သူလို့မဆိုနိုင်ဘူး အတုယောင်တွေများစွာရှိတယ် တချို့တွေဆိုရင်  ကိုယ့်ကိုကိုယ် လိမ်နေမှန်းတောင်မသိဘူး သူ့ကိုယ်တိုင်ဘုရားကို ယုံကြည်လားမယုံကြည်ဘူးလားဆိုတာ နားမလည်ဘူး။ ဘာနဲ့ တူသလဲဆိုရင် အီးခိုးပေါက်တဲ့သူနဲ့တူတယ် ကားခမပေးသေးဘဲနဲ့ပေး ပြီးပြီလို ပြောတဲ့သူနဲ့ တူတယ် ကျနော်မြန်မာပြည်သွားတော့ ဒီလိုလူတွေများစွာတွေ့ခဲ့တယ် ပုံဥပမာ---
ကျနော် ကောင်းစလင်းပြောတုန်းက အမျိုးသမီးငယ်တယောက်ရဲ့ ပြောကြားချက်ကို ကျနော်အခုချိန်ထိမမေ့နိုင်သေးတယ် ကောင်မလေးက သူ့ကောင်လေးနဲ့ အတူခိုးပြေးတာ ကလေးရသွားတယ် အဲဒီအချိန်မှာကောင်လေးက သူ့ကိုထားခဲ့တော့ ကောင်မလေးက ဘာလုပ်ရမှန်းမသိလို့ကလေးကို အိမ်အောက်ကို ပြစ်ချလိုက်တာ ဝက်တွေက ကလေးကိုစားတာကိုသူတွေ့တဲ့အခါမှာ သူငိုယုံဘဲတတ်နိုင်ခဲ့တယ်လို့ ကျနော့ကိုပြောတယ် ယခုချိန်ထိတောင်ကျနော့နားကမထွက်သေးဘူး သူပြောခဲ့တဲ့အရာတွေ ကျနော်လည်းသူ့ကို ဧဝံဂေလိပြောလိုက်တာ သူလည်းပြောင်းလဲသွားတယ်။ သူ့လိုဘဲ သင်တို့လည်း ခိုးလုပ်တဲ့အပြစ်တွေရှိမယ် ကျနော်တို့ ဆွေးနွေးကြရအောင် သင့်ရဲ့အပြစ်ကိုလွှတ်နိုင်တာ ဘုရားသခင်ဘဲရှိတယ် အစိုးရကလည်း သင့်အပြစ်ကိုလွှတ်ပေးနိုင်မှာမဟုတ်ဘူး ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး သိ၇င်တောင်ဒဏ်ပေးအုံးမယ် သင့်အပြစ်ကို ခွင့်လွှတ်ပေးနိုင်တာ ခရစ်တော်တပါးဘဲရှိတယ် ချစ်သောညီအကိုတို့ ကျနော်တို့ထဲမှာ ယခုနှစ်ထဲမှာ မသေဘူးလို့ ပြောရဲတဲ့သူဘယ်သူရှိမလဲ သင့်ဘေးကလူလည်း သေနိုင်သလို သင်လည်းသေနိုင်တယ်။ ဒီနှစ်ထဲမှာ မပြောနဲ့ မနက်ဖြန်သေမလား ဘယ်နေ့သေမလဲဆိုတာမသိနိုင်ဘူး အဲဒါကြောင့် ခရစ်တော်ကို ကယ်တင်ပိုင်ရှင် အနေနဲ့လက်ခံလိုက် ၇င်သင့်အတွက်စိတ်ချမူရမှာဖြစ်တယ်။
ခရစ်တော်က သင့်ကို လက်ကမ်းပြီးကြိုဆိုနေတယ်။သင်ပြန်လာဖို့ကိုစောင့်နေတယ် မိန်းမငယ်က သူ့သားကိုဝက်ကျွေးလောက်တဲ့ အပြစ်တွေရှိပေမဲ့ ဘုရားသခင်က ခွင့်လွှတ်တာဖြစ်တယ် သင်လည်းဘယ်လိုအပြစ်တွေရှိလဲ ဘုရားကိုတောင်းပန်ပါ အဲဒီမိန်းကလေးငယ်က သူ့အပြစ်တွေဝန်ချတောင်းပန်ပြီး ဆုတောင်းတဲ့အခါမှာဘုရားက ခွင့်လွှတ်တာဖြစ်တယ်။

လူတွေဟာ ဘာကြောင့်ကောင်းကြီးနဲ့ဝေးကွာနေရတာလဲ
အပြစ်လုပ်တဲ့ခရစ်ယာန်အသက်တာ ဟာနောက်ဆုံးမှာဘာဖြစ်မလဲ ?
ဘယ်လိုလူတွေကိုဘုရားသခင်က မင်္ဂလာရှိတဲ့သူလို့ခေါ်လဲ
ယာကုပ် ၄း ၁၄
ယာကုပ် ၄း၁၇ ကောင်းသောအကျင့်ကိုသိလျှက်နဲ့အကျင့်သောသူသည်အပြစ်ရှိ၏


ကျနောတို့အပြစ်ကြောင့်ဘုရားနဲ့ဝေးကြရတာဖြစ်တယ်
 ဟေရှာယ ၅၉-၁-၂
မသဲ ၁၁း၂၈
ယောဟန် ၁၆း၁၁
ဟေဗြဲ ၂း၃

------------------------။----------------------------------
ယာကုပ် ၄း ၁၄
မသဲ ၅:၁၃
ယောဟန် ၁၅း၅-၆
------------------------။----------------------------------
ဘယ်လိုလူတွေကိုဘုရားသခင်က မင်္ဂလာရှိတဲ့သူလို့ခေါ်လဲ
မသဲ ၅း၃-၁၂
မသဲ ၅း-၁၆
ယောဟန် ၁၅း၇
ယောဟန် ၁၅း၁၅
ယောဟန် ၁၅း၁၇-၁၈

No comments:

Post a Comment