RSS

Tuesday, May 25, 2010

အိမ့်ရဲ့မွေးနေ့ထင်မြင်ချက်

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အိမ့်ရဲ့ ဒီလိုမွေးနေ့ကို နှစ်စဉ်နှစ်တိုင်းအစဉ်မပြတ်ပြုလုပ်လာတာ အခုဆို၇င် ၂၁ တိုင်တိုင်ရှိခဲ့ပါပြီ။ မွေးနေ့နဲ့ ပတ်သတ်ပြီး အိမ့်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ မွေးနေ့ဟာ လူ့ဘဝမှာ အရေးကြီးဆုံးအရာတစ်ခုလို့ပြောရင်မမှားနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် လူ့ဘဝမှာ ကိုဖြစ်တည်တဲ့ နေ့ ကိုယ်လူစဖြစ်တဲ့နေ့ဖြစ်တယ်။ ပြီးတော့ ဒီလိုသာ ကိုမမွေးခဲ့ဘူးဆိုရင် ကိုဟာ အခုချိန်မှာ ဘာ ဆိုတာကိုပြောလိုမရဘူး။မြောက်များစွာသော သူတွေက မွေးနေ့ကို နည်းအမျိုးမျိုး နဲ့လုပ်ကြတာ ပျော်ပွဲရွှင်ပွဲနဲ့
လုပ်တဲ့သူရှိသလို မလုပ်နိုင်လို့ ဝမ်းနည်းရတဲ့သူတွေလည်း ရှိတယ်။ ကျမ ဖြစ်စေချင်တဲ့မွေးနေ့ဟာဆိုရင် ပွဲမလုပ်လည်း ဖြစ်တဲ့မွေးနေ့ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက မွေးနေ့လုပ်ရင် တစ်ခုကျွေးသည်ဖြစ်စေ အကျွေးမွေး ပွဲလမ်းသဘင် တွေနဲ့လုပ်ကြတယ် သူတို့ ဘာကိုဆိုလိုတာလဲ ဘာဖြစ်လို့မွေးနေ့မှာ ဒီလိုလုပ်ရတာလဲ ဆိုတာကိုကျမပြော ချင်တယ်။မွေးနေ့မှာ အဓိက အချက်က မယုံကြည်သူတွေ (ခရစ်ယာန်မဟုတ်သောသူများ) အတွက်ဆိုရင် ကိုယ့်ရဲ့မွေးနေ့မှာ ကိုယ့်ကို့ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘ နှစ်ပါးကို ကျေးဇူးတင်တဲ့ နေ့လုပ်သင့်တဲ့ တစ်ချို့တွေက မွေးနေ့မှာ မိဘ ကိုကျေဇူးတင်ရမှန်းမသိဘဲနဲ့ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ လုပ်ကြတာများပါတယ်။ အဲဒီလိုပွဲတွေထက် ကိုယ့်မွေးနေ့မှာ မိဘ ကိုစိတ်ချမ်းသာသာထားဖို့ အဓိကလိုအပ်တယ်လို့ ကျမထင်တယ်။ မွေးနေ့မှာ ကိုပျော်ရွှင်ဖို့လုပ်ရမှာထက် မိဘပျော်ရွှင်ဖို့လုပ်ပေးရမယ်လို့ ဆိုလိုတဲ့သဘောပါဘဲ မိဘ ရှိတဲ့သူတွေအတွက်ပြောတာပါ။ အခုနောက်ပိုင်း လူတွေရဲ့ခံယူချက်က မှားယွင်းနေပြီး ကိုယ်ရဲ့ ပျော်၇ွှင်မူအတွက်ဘဲကြည့်ကြပြီး မိဘကို ဥပြစ်ခါ ပြုတဲ့ သူအများကြီးရှိပါတယ်။ ချစ်တဲ့မိတ်တွေ ညီအကိုမောင်နှမတို့ မိဘနဲ့ သားသမီးဆိုတာ အတူနေထိုင်အသက်ရှင်နေတဲ့အခိုက်အတန့်မှာ မိဘနဲ့ကိုယ့်ကြားမှာ ကွဲလွှဲမူ များစွာရှိမယ် စိတ်ခုမူများစွာရှိကောင်းရှိနိုင်တယ်။ တခြားနေ့တွေမှာ ရှိခဲ့ရင်တောင် ဒါတွေကိုဘေးဖယ်ထားပြီးတော့ သင့်မွေးနေ့မှာ မိဘကို ပျော်ရွှင်အောင်လုပ်နိုင်မယ်ဆိုရင် သင့်ရဲ့ဘဝရှေ့ရေးဟာ အများကြီးပွင့်လင်းလာမှာဖြစ်သလို သင်မွေးနေ့ဟာလည်း အသက်ဝင်ပြီး မွန်မြတ်တဲ့ မွေးနေ့ကောင်းဖြစ်လာမယ်လို့ ကျမမျှော်လင့်တယ်။




ယုံကြည့်သူတွေအတွက်ပြောရမယ်ဆိုရင် ( ခရစ်ယာန်များ) ကိုယ့်ရဲ့မွေးနေ့မှာ ဘုရားသခင်ကို ရှေးဦးစွာ ကျေးဇူးတင်စကားပြောသင့်တယ်။ ဒါတင်မကသေးဘူး သင်စဉ်းစားပါ သင့်အသက် ဘယ်မျှတိုင်အောင် သင်အသက်ရှင်နေပြီလဲ ဒီလိုအသက်ရှင်တဲ့အတောအတွင်းထဲမှာ သင် နေ့စဉ်ရှရိုက်နေတဲ့ လေ ကောင်းလေသန့် ဘုရားကသာ ကောင်းမွန်စွာ ရှုရိုက်ခွင့်မပေးဘူးဆိုရင် သင့်တစက္ကန့် အတွင်း ရှုတဲ့လေဟာ ပိုးမွှားတွေပါဝင်နိုင်တယ်။ ဆေးရုံတွေမှာ လေကောင်းလေသန့်မရှုနိုင်လို့ အောက်စီကျင် တစ်နာရီကို ဒေါ်လာနဲ့ပေးဝယ်ရတဲ့ သူတွေမြောက်များစွာရှိပါတယ် သင်သာ တစ်နာရီလျှင် ဒေါ်လာ တစ်ဒေါ်လာဆိုရင်တောင် သင့်ဘဝ တစ်လျှောက်မှာ သင့်နေ့စဉ် ဝယ်နိုင်ပါ့မလား? အိုခေ ထားလိုက်ပါအုံး နောက်တစ်ခု ဘုရားသခင်ကသာ သင့်ကိုမစောင့်လျှောက်ဘူးဆိုရင် သင် လမ်းမှာ အက်စီးဒင့် ကြုံနိုင်တယ် လမ်းလျှောက်ရင်းနဲ့တောင် သင်သေသွားနိုင်တဲ့ အဖြစ်မျိုးများစွာ သင်ကြုံရမှာဖြစ်တယ်။ ပြောမယ်ဆိုရင် ဘုရားရဲ့ကျေးဇူးဟာေ၇တွက်ရင်တောင် ကမ်းဆပ်နားမှာရှိတဲ့ သဲတွေထက်တောင်များမယ်လို့ ကျမပြောနိုင်တယ်။ သင်က ဘယ်လိုလူစားလဲ ဘုရားရဲ့ကျေးဇူးတော်တွေကိုနေ့တိုင်း ရေတွက်တဲ့သူလား ဘုရားက ငါတို့အပေါ်ဘယ်တုန်းက ကျေဇူးရှိခဲ့ဘူးလို့လဲလို့ပြောဘူးတဲ့သူလား ? ဘာဘဲဖြစ်ဖြစ် သင့်ရဲ့မွေးနေ့မှာ သင်ဘုရားရဲ့ကောင်းမြတ် ခြင်းတွေကို တစ်ခုအရင်စဉ်းစားကြည့်ပါ တစ်ခုပြီးတစ်ခုပေါ်လာပါလိမ့်မယ်။ ပြီးရင် ကျေဇူးတော်ချီးမွမ်း ပါလို့ပြောချင်တယ်။ သင်သာ ဘုရားသခင်ရဲ့ အလိုတော်မရှိဘူးဆိုရင် မွေးနေ့ ဆိုတဲ့ နေ့ လူဖြစ်တဲ့နေ့ ဖြတ်ကျော်ရမှာမဟုတ်ပါဘူး။ဒါတွေကိုရေတွက်ပါ ကျေးဇူးတော်ချီးမွမ်းပါ ။ပြီးတော့မှ အပေါ်မှာ ကျမရေးထားတဲ့အတိုင်း မိဘတွေကိုကျေးဇူးတင်စကားပြောပါ သူတို့ပျော်ရွှင်အောင်ပြုလုပ်ပါ ဒါမှသာ ပျော်ရွှင်ပြီး အသက်ဝင်တဲ့မွေးနေ့မြတ်ကောင်း ဖြစ်လာမယ်လို့ထင်တယ်။ ပြီးရင်သင်ကျေဇူးတင်ရမှာက သင့်ရဲ့မွေးချင်းမောင်နှမတွေ ပြီးတော့ သူငယ်ချင်းတွေ အသိုင်းဝိုင်းအားလုံးကိုပေါ့။ ကဲ ဒီလောက်ဘဲအဆုံးသတ်လိုက်တော့မယ်နော်။



ဒီ မှတ်ချက်စားလေးကိုဖတ်ပြီး နောင်လာမဲ့ နှစ်များမှာ ပျော်ရွှင်ပြီး ဘုရားအလိုတော်ရှိတဲ့မွေးနေ့ ပြုလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

No comments:

Post a Comment